လ - စက်တင်ဘာ 2025

သစ္စာဖောက်ခံရခြင်းကို အောင်နိုင်ခြင်း

ဘဝ၏ ဘဝတွင် ကြုံရသော စိန်ခေါ်မှုများကို အောင်နိုင်ခြင်း

 

သစ္စာဖောက်ခံရခြင်းကို အောင်နိုင်ခြင်း

သစ္စာဖောက်ခြင်းဆိုသောဝေါဟာရသည် နားဝင်ချိုသောစကား မဟုတ်ပါ၊ ထိုစကားကိုကြားသည်တွင် တိုင်းပြည်ကို ရောင်းစားသော Benedict Arnold၊ ထားဒဏ်ရာနှင့် အသက်ထွက်ကာနီး ဧကရာဇ် ဆီဇာဘုရင်က သူ့လူယုံတော် ဘရုတပ်(စ်)ကို “သြော် မင်းလည်း ကြံရာပါပဲကိုး”ဟု…

ဘဝသင်ခန်းစာများ

ဘဝ၏ အနိဋ္ဌာရုံများကို အောင်နိုင်ခဲ့သူ ယောသပ်

 

ဘဝ၏ စိန်ခေါ်မှုများကို ကျော်လွှားအောင်နိုင်ခဲ့ခြင်း

 

“ဘောလုံးပွဲ ငါးပွဲကို ဆက်တိုက်ရှုံးရတာက ဆိုးလှပြီ၊ ဒါထက် စိတ်ပျက် ဖို့ ကောင်းတာက ကျွန်တော်တို့ဟာ အမှားတစ်ခုကို ထပ်ခါထပ်ခါ မှားကြတယ်၊ အဲဒီအမှားကနေ ဘာသင်ခန်းစာမှ…

ခရစ်တော်၏ သမ္မာတရားကို လက်ခံကိုင်စွဲခြင်း

ကျွန်ုပ်၏သူငယ်ချင်းကော်နာသည် သူ၏ဖလင်နှင့်ရိုက်ရသည့်ကင်မရာဟောင်းနှင့် ဓာတ်ပုံရိုက်သည့်အခါ၊ ဆွဲဆောင်မှုရှိသော အလင်းရောင်ရှာရန်(သို့) အပြစ်အနာ အဆာကင်းရန်(သို့) အမြင်မလှသောအရာများကို ဖြတ်တောက်ရန် ဝန်မလေးပါ။ သူ့ဓာတ်ပုံများက အံ့သြ‌ဖွယ်သောပုံကြမ်းများဖြစ်သည်။ သို့သော် ကျွန်ုပ်၏ ဆိုရှယ်မီဒီယာတွင် လှပစွာတည်းဖြတ်ထားသော လူပုံ၊ ရှုခင်းပုံဓာတ်ပုံများထက် ထိုဓာတ်ပုံများက ပေါ်လွင်နေပါသည်။ သမားရိုးကျ မဟုတ်သော်လည်း၊ သူ၏လက်ရာသည် အစစ်အမှန်ကို ဖော်ညွှန်းနေသောကြောင့် လှပသည်။

ကျွန်ုပ်တို့အားလုံး အစစ်အမှန်ကို လိုလားကြသော်လည်း တစ်ခါတစ်ရံ အမှန်တရားသည် ဆွဲဆောင်မှုမရှိ ဖြစ်နေသည်။ အသေခံချိန်နီးသောအခါ သခင်ယေရှုက “ငါသည်...သမ္မာတရားဖြစ်သည်”ဟု ပြောခဲ့သည် (ယော ၁၄ :၆)။ သခင် အလွန်တောင့်တစွာပြောဆိုခဲ့သည့် "ငါ့အဘ၏အိမ်"သို့ သူတို့မည်သို့ရောက်ရှိနိုင်မည်ကို တပည့်တော်များ စဥ်းစားလျက် သိချင်နေကြသည် (:၂-၃)။ သူတို့ရှေ့၌ သခင်ယေရှု ရှိနေခြင်းက အဖြေဖြစ်သည်ကို သူတို့ မသိခဲ့ကြပေ။ ခရစ်တော်ကိုယ်တိုင် စွန့်လွှတ် အနစ်နာခံခြင်းဖြင့် အောင်ပွဲယူဆောင်လာမည်ကို နားလည်ရန် သူတို့ရုန်းကန်ခဲ့ကြရသည်။…

ဘုရားသခင်ကို မှီခိုခြင်း

“အိုး မြေးက အလေးအနက်ဖြစ်နေပုံပဲ”ဟု နှစ်လခွဲအရွယ်မြေးမလေး လီလာနီအား ကျွန်တော် ပြောလိုက်သည်။ သူမက ကျွန်တော့်မျက်နှာကို မျက်မှောင်ကြုတ် ပြီး ကြည့်နေသည်။ “ဘာဘာလည်း အတည်ပြောမယ်။ လောကကြီးမှာ မေမေ မင်းကို ချစ်တယ်။ ဖေဖေ မင်းကို ချစ်တယ်။ ဘာဘာ နဲ့ ပါပါလည်း [အဘိုး အဘွားများ၏နာမည်ပြောင်] မင်းကို ချစ်တယ်။ ဒါပေမယ့် အကောင်းဆုံးကသခင်ယေရှု မင်းကို ချစ်တယ်။ အဲဒါက အဓိကပဲ"ဟု ဆက်ပြောလိုက်သည်။

ထို့နောက် တိမ်တိုက်ကြားမှ နေရောင်ခြည်ဖြာကျသကဲ့သို့၊ မျက်မှောင်မကြုတ်တော့ဘဲ သူ့မျက်နှာလေး၌ တောက်ပလာသည့်အပြုံးက ကျွန်တော့် နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။ ဤစကားက ပိုလွန်းသကဲ့သို့ဖြစ်နိုင်သော်လည်း အဘိုးအဘွားအများစုကဲ့သို့ပင် သူမသည် ကျွန်တော့်ကို နားလည်မည်ဟု ယုံလိုက်ချင်သည်။ ကျွန်တော့်စကားနောက်ကွယ်မှ ပျော်ရွှင်မှု တချို့ကိုသူမ သိသွားပုံရသည်။ သူမမျက်နှာ၌ ပေါ်လာသော ရိုးရှင်းပြီး အပြစ်ကင်းစင်
သော…

ဘုရားသခင်၏ တရားမျှတမှုသဘော

သတင်းက ကြောက်စရာကောင်းလှသည်။ နိုင်ငံခြားအိမ်အကူတစ်ဦးသည် သူမ အလုပ်လုပ်ပေးသော မိသားစု၏ အလွန်အမင်း ရက်စက်စွာ ဆက်ဆံခံရပြီး သေဆုံးသွားသည်။ နောက်ဆုံးတွင် အလုပ်ရှင်များ ထောင်ကျခဲ့သော်လည်း မလုံလောက်ဟု ကျွန်ုပ်ခံစားရသည်။ သနားစရာကောင်းသော မိန်းကလေးအပေါ် ပြုမူသကဲ့သို့ ကြောက်စရာကောင်းသောဒဏ်ကို ခံစားရပြီးမှ သေသင့်သည်ဟု ကျွန်ုပ်တွေးမိသည်။ ထို့နောက် ကျွန်ုပ်ဒေါသက စည်းကျော်သွားလား၊ ဤကဲ့သို့ တွေးခြင်းသည် မှားသလားဟု တွေးမိသည်။

ဆာလံ ၁၀၉ ကို ဖတ်သော် ကျွန်ုပ်တို့၏ပင်ကိုယ်တရားမျှတမှုစိတ်အပေါ် ထိုးထွင်းအမြင်ကို ပေးသည်။ ဒါဝိဒ်သည် နွမ်းပါးသူ၊ လိုအပ်သူများအား ပြစ်မှား သူ‌များအပေါ် အမျက်ဒေါသနှင့် နပန်းလုံးခဲ့သည်။ “သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။ သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုဆိုးမဖြစ်ပါစေ” ဟု သူဆိုခဲ့သည်(၈-၉)။

သို့သော် ဒါဝိဒ်မင်းကြီးသည် သူ၌ အာဏာရှိသော်လည်း ဤလူများကို လက်စားချေခြင်းမပြုခဲ့ပါ။ ယင်းအစား သူသည်…

ဘုရား သုံးပါးလား၊ တစ်ပါးတည်းလား

စက်တင်ဘာလခေါင်းစဥ် | သုံးပါးတစ်ဆူဘုရား

သမ္မာကျမ်းစာမှ ခမည်းတော်သည် ဘုရားသခင်၊ သားတော်သည် ဘုရားသခင်၊ သန့်ရှင်းသောဝိညာဥ်တော်သည် ဘုရားသခင်ဟု သွန်သင်ထားပါသည်။ ဘုရားသခင်သည် ခြားနားသော်လည်း မကွဲပြားသော ပုဂ္ဂိုလ်သုံးဦးအဖြစ် ထာဝရတည်သည့် တစ်ပါးတည်းသော ဘုရားဖြစ်သည်။ ခြားနားသောပုဂ္ဂိုလ်များအနေဖြင့် ခမည်းတော်၊ သားတော်၊…